လိပိဒိပိကာကျမ်း - မြန်မာကြေးနန်းရိုက်နည်း

2008-09-14

ကြေးနန်းရိုက် ပညာကြောင်း တင်ပြထားတာ ဆိုပေမယ့် မြန်မာစာနဲ့ ပတ်သက်တာတွေ ထည့်ဆွေးနွေးထားတဲ့ အတွက် စုဆောင်းတင်ပြလိုက်ပါတယ်။ ညီလင်းဆက်ဆီက ကူးယူ ဖော်ပြထားတာပါ။ သူရေးထားတဲ့ မိတ်ဆက်စာအတိုင်း တင်ပြပေးလိုက်ပါတယ်။

ဒီစာအုပ်ကတော့ ယောမင်းကြီးရဲ့ ပြောင်မြောက်လှတဲ့ မြန်မာကြေးနန်းရိုက်နည်း ကျမ်းစာအုပ်ပါ။ ဒါဟာ မြန်မာစာကို Encrypt လုပ်ခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ပထမဆုံး ရေးသားတဲ့ ကျမ်းစာအုပ် ဖြစ်တာမို့ ကျွန်တော် သိပ်သဘောကျပါတယ်။ ယောမင်းကြီးဟာ လယ်တီ ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကတောင် လေးစားခံရတဲ့သူ ဖြစ်တာမို့ သူ့အတွေးအခေါ် ဉာဏ်ပညာက အလွန်ပဲ ကြီးမားသူပါ။ လိပိဒီပိကာကျမ်းဟာ တိုတိုလေးပေမယ့် ယောမင်းကြီး ရှင်းပြသွားချက်တွေက အလွန်ပဲ ရှင်းလင်း ထင်ရှားတာမို့ သဘောပေါက် လွယ်ကူစေပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီကြေးနန်းရိုက်နည်းကို အခြေခံပြီး မြန်မာစာလုံးတွေကို Encrypt-Decrypt လုပ်ဖို့ ကြိုးစားခဲ့တာ ၉၇% အောင်မြင်ခဲ့ပါတယ်။ နောင်ဆို အီးမေးလ်တွေကို သက်ဆိုင်သူမှတပါး အခြားဘယ်သူမှ ပရိုက်ဗေဆီ ချိုးဖောက်ပြီး ကြားထဲက ဖတ်ရှုလို့ မရနိုင်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဖိုင်ဆိုဒ်တွေလည်း လျှော့ချနိုင်ပါလိမ့်မယ်။

Read this document on Scribd: လိပိဒိပိကာကျမ်း

2 comments:

eapisonmaw said...

ကိုပီကေရေ
ကျွန်တော်မြန်မာ့အက္ခရာကိုသိချင်တာနဲ့ googleမှာရှာရင်း ကိုပီကေ့ပလော့ခ်ထဲရောက်လာတော့တာပဲ။
ကိုပီကေ့တင်ထားတဲ့ လိပိဒိကကျမ်းကို အထူးပဲစိတ်ဝင်
စားမိပါတယ်။ဒီကျမ်းကိုကျွန်တော် နှစ်ခေါက်ဖတ်ပြီးပါပြီ။
သို့ပေမယ့်တစ်ချို့အရေးကြီးတဲ့နေရာတော်တော်များများကိုဖတ်လို့မနားလည်ပါဘူး။အကယ်၍များဖြစ်နိုင်မယ်ဆိုရင် ကိုပီကေကို gtalkကနေမေးမြန်းခွင့်ပြုပါလို့တောင်း
ပန်ချင်ပါတယ်...ကျွန်တော့်နာမည်ကမောင်စိုးညွန့်ပါ...
ကျွန်တော်ကိုပီကေ့ gmailကို ကျွန်တော့်gtalkစားရင်းထဲ
သွင်းလိုက်ပါပြီ....ဒီအတွက်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်ခွင့်လွှတ်ပါလို့တောင်းပန်ချင်ပါတယ်......

အောင်ဖြိုးကို said...

အကိုရေ
ကျွန်တော်ဒီကျမ်းကိုသိမ်းထားချင်တယ်ဗျာ
ဒေါင်းလုပ်ဆွဲလို့မရဘူးလား။