အထောက်ကတဲ့မတန် ရွှေကံ့ကော်ဇမ္ဗူကျုံးလို့၊
ကြူဆုံးတသိန်တင့်ပါဘိ၊ ပန်းမင့်လွတ်စံ။
မိဿဘုံဂဠုန်ကူးတွင်မှ၊ ကြုံဘူးလေ့ဖြစ်ဟန်၊
ရစ်တံပိုင့်ဆင်တော်နဲ။
ချိန်ခါနွေ၊ ဣန္ဒာဆွေ ဘူပတိသော်မှ၊
ပူမိရင်ဘယ်ဖြေနိုင်လိမ့်၊ ခြယ်ရွှေစိုင်နေရုလေးနှင့်
ရာဇူမှာသာပြူသေးချည်ငဲ့၊ ဆွေးတော်ညံ့ဘဲ။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
ဖြေမနိုင်ရေဆိုင်ဝဲသို့၊ မှိုင်ပွဲတဲ့သစ်စေ၊
မုတ်ကွန်းဆောင်ပျံနှင့်၊ ခြင်္သေ့ခံမှန်ပြတင်းမှာမှ
သွင်းတဲ့လေပြေ။
မျိုလို့သာခဲရတယ်၊ သဲနောက်ကျုဗျာပွေ၊
ကြေကြွေဘွယ့်ဘနန်း။
နှင်းသတ်အထုံ၊ ဝရတ်ကယ်သဉ္ဖာဘုံက၊
ထည်ကောဋုံခြုံရုံထွေးသော်လဲ၊
မလုံမစုံသေးသူတို့၊ ဆွေးဘို့စတမ်း။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်၊
သဇင်ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊
ဖူးကွန့်ကိုက်စည်။
ဘရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊
ညွတ်ကြည်ဘွယ့် ဖော်ကွဲ။
ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊
ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊
ရာသီတွင် စာညီပြောပေပ၊ ကြော၍သာမြဲ။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
နွေဦးကာလ၊ မြူထသော့ခါ၊
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ၊
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ချောက်သော့ခါ၊
ပတက်ယုန်ခါ၊ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ၊ ဝံပုလွေ၊
မနေထွက် လှာကြသည်တည့်လေး။
ဝမ်းသာအားရ၊ မယားကတသွယ်၊
ဟင်းရွက်ဆိုကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတသွယ်၊ ယုန်ငယ်ကစ၊
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာယူ၍ ချသည်နှင့်လေး။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊
အိုးခင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ၊
သမီးးနှင့်သား၊ များလို့မဝင်သာ၊
ဒူးတဘက်ဟာ၊ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ၊ စားတော့မည်စေ၊
စားပေသာလှ အုန်းခွက် ကယ်နှင့်လေး။
ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာ လွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
ဝသန်ကာလ၊ မိုးကျတည့်လျှင်၊
ပျော်ပျော်ပါးပါး၊ မယားနှင့်ဆွေငယ်လင်၊
လက်တွဲငယ်ခြေငင်၊ ကိုယ်တွင်အဝတ်၊
ပုဆိုးအင်္ကျီ၊ စုတ်ပြဲပြီ၊
ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်လေး။
မိုးရေစွတ်လို့၊ အဝတ်ကယ်မပါ၊
သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ၊
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း၊
လယ်ကွက်ကယ်တခွင်၊ ထွန်းရေးငင်၊
ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။
ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်၊
ခရုပီလော၊ ရောနှော၍သာလွယ်၊
ဟင်းရွက်ကယ်နုနယ်၊ တသွယ်ကန်စွန်း၊
ဆူးပုပ်ကယ်ကင်းပုံ၊ အလုံစုံ၊
ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး။
ချိုလည်းချိုလွန်း၊ ရည်ရွှမ်းများစွာ၊
ကြံ့ဟင်းကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ၊
အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ်၊
ထမင်းကပူ၊ ဟင်းကပူ၊
ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး။
အုလပ်ကယ်ဧရာသာ၊ ငုံ့ကာလွေးတော့သည်။
သားမြေးငယ်မာချာ၊ ဘယ်ညာထွေးတော့သည်။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
ကျနော် လွန်ခဲ့တဲ့ ၂၀၀၈ နိုဝင်ဘာလတုန်းက မြန်မာစာပေ ကောက်ကြောင်းများ ဆိုတဲ့ နာမည်နဲ့ အပိုင်း (၁) ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း (၁) လို့ စပြီး နာမည်တပ်လိုက်တာက ရေးစရာ အများကြီး ရှိမယ်ဆိုတာ သေချာနေတာကို။ အခုတော့ ဗဟုသုတ ရစရာ အနေနဲ့ ကျနော် အပိုင်း (၂) အဖြစ် ထပ်ပြီး မျှဝေ ပေးချင်ပါတယ်။ အခု တင်ပြမယ့် စာတွေက ဆရာ အောင်သင်းရဲ့ တိုလီမိုလီစာပေ ဆိုတဲ့ စာအုပ်ထဲက ထုတ်နုတ် ကိုးကားသွားမှာပါ။
ပထမဆုံး ပြောချင်တဲ့ စကားလုံးကတော့ "စာရင်း" ဆိုတဲ့ စကားလုံးပါ။ စာရင်းဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားတာက အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အစီအစဉ်တကျ မှတ်သားထားတဲ့ အမှတ်အသားကို ခေါ်တာပါ။ မြန်မာအဘိဓာန်မှာလည်း "အမျိုးအမည်၊ အရေအတွက် တို့ကို ရေးမှတ်ထားချက်" လို့ အနက်ဖွင့်ပါတယ်။ ဒါပေမယ့် ခေတ်ဘန်းစကားမှာ ရှိတဲ့ "စာရင်းရှုပ်" ဆိုတဲ့ စကားလုံးကျ မူရင်းအဓိပ္ပာယ်ကို သွေဖယ်သွားတယ်။ "ဇယားရှုပ်" ဆိုတဲ့ စာလုံးနဲ့ အဓိပ္ပာယ် တူပါတယ်။ ခပ်လွယ်လွယ် ပြောရရင် "အလုပ်ရှုပ်တယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ။ "ပြဿာနရှာတယ်"ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တတ်ပါတယ်။ ဒီအဓိပ္ပာယ်ကို လူတိုင်းလိုလို နားလည်မှာပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ မူလရင်းမြစ် အဓိပ္ပာယ်ကို မေးမယ်ဆိုရင် သိတဲ့သူ အတော်လေး နည်းနေပါလိမ့်မယ်။ မူလရင်းမြစ် အဓိပ္ပာယ်ကို ပြန်လှန်နိုင်ဖို့ ရှင်မဟာသီလဝံသရဲ့ "တိုင်းပြည်စည်ကားကြောင်း တရားခုနစ်ပါး" ထဲက စာသားတချို့ကို ပြန်ကောက်ပါရစေ။
ရှေးကလာသော မင်းစဉ်စာရင်းအလျောက် ကျင့်ပေးခြင်းသည်ကား ပြည်ထဲက အစီးအပွား အလို့ငှာပေတည်းဟု နှစ်လိုဝမ်းသာ ဖြစ်ကြလေကုန်ရာ၏
အထက်က စာပိုဒ်မှာ သုံးထားတဲ့ "မင်းစဉ်စာရင်း" ကို ကျနော်တို့ ခေတ်သဘောနဲ့ နားလည်ကြည့်မယ် ဆိုရင် မင်းတွေရဲ့ နာမည်ကို အစဉ်အတိုင်း စီတန်းပြီး ချရေးထားတဲ့ ရေးမှတ်ချက်လို့ ယူဆမိမှာပါ။ တကယ်လို့ သူ့ အပေါ်စာပိုဒ်ရဲ့ စကားသွားကို အသေအချာ နားလည်မယ်ဆိုရင် အဲဒီလို ဆိုလိုတာ မဟုတ်ဘူးလို့ ဘွင်းဘွင်းကြီး ပေါ်လာပါလိမ့်မယ်။ ဆရာတော်က တိုင်းပြည်တစ်ပြည် စည်းကားဖို့ အကြောင်းအရင်းထဲမှာ အတုတ်၊ အခွန် ကင်းခ တွေကို ရှေးယခင် မင်းတွေ ပြဌာန်းထားတဲ့ ပုံစံအတိုင်း ကောက်ခံရမယ်၊ ပိုမတောင်းရဘူး ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒီတော့ စာရင်းဆိုတာ "စာအရင်း၊ ရင်းမြစ်မူလက" ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။
အညာ လူကြီးတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "လူချင်းချစ်ရင် သက္ကရာဇ် နာနာကန်" တဲ့။ အထူးသဖြင့် ငွေကြေး အချေးအငှား လုပ်ကြတဲ့အခါ ချေးငွေဆပ်ငွေ စတာတွေကို ရက်စွဲနဲ့တကွ မှတ်ကြတဲ့ အခါမျိုးမှာ သုံးလေ့ ရှိပါတယ်။ အထက်က စာကြောင်းမှာ "ကန်" ရဲ့ အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်တော့ "ရေးတာမှတ်တာ" လို့ ဆိုကြပါတယ်။ "စာရင်းလုပ်သည်" သက္ကရာဇ်ကန်သည်" လို့ သုံးတတ်ကြတယ်။ လူတစ်ယောက်က ငွေတစ်သောင်း ချေးပြီး မကြာခင်မှာ ခြောက်ထောင် ပြန်ဆပ်တယ်။ နောက်ပြီး ငွေလေးသောင်း ထပ်ချေးပြန်တယ်။ နောက်ပြီး ငွေသုံးသောင်း ပြန်ဆပ်တယ်။ အဲဒီလို အချေးအဆပ်တွေ ရှုပ်လာတဲ့အခါ မှတ်တမ်း အတိအက မရှိရင် ငြင်းကြခုံကြနဲ့ အခင်အမင်တွေ ပျက်ပြီး လူချင်း မုန်းတဲ့အထိ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ချစ်ခင်နေကြတဲ့သူတွေ မုန်းမသွားရအောင် ဆပ်ငွေချေးငွေ ပမာဏ၊ နေ့စွဲ အတိအကျကို မှတ်တမ်းတင်ကြဖို့ သတိပေးထားတဲ့ စကားဖြစ်ပါတယ်။ နောက်ပိုင်း သတိမေ့ ပေါ့လျော့ အငြင်းပွားလာကြရင် ကိုယ် မှတ်ထားတဲ့ "မူရင်းစာ" "စာအရင်း" (စာရင်း) ကို ပြန်ပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆရာတော် ရှင်မဟာသီလဝံသရဲ့ "မင်းစဉ်စာရင်း" ဆိုတာ ရှေးမင်းတွေ အစဉ်အဆက် ကျင့်သုံးခဲ့ကြတဲ့ မှတ်တမ်းမူရင်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီကနေ့ခေတ် ကျနော်တို့ သုံးနေကြတဲ့ "စာရင်း" ရဲ့ အဓိပ္ပာယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် ဝေါဟာရတွေရဲ့ အနက်ရွေ့လျောတတ်ပုံကို သတိပြုမိလိမ့်မယ်လို့ ယူဆမိပါတယ်။
ဆက်နွယ်ပို့စ်များ - မြန်မာစာပေ ကောက်ကြောင်းများ (၁)
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။